RSS

Mobile အဘိဓာန်နှင့် Keyboard

 Mobile အဘိဓာန် (Andriod)

တရုတ်စာလေ့လာရာမှ အသံထွက်မှန်ကန်ဖို့အတွက် အဘိဓာန်ကောင်းတစ်ခု လိုအပ်ပါတယ်။ အခု တင်ပေးထားတဲ့ အဘိဓာန်က တရုတ်ဘာသာကို တရုတ်လိုပဲပြန်ရှင်းပြပေးတဲ့ Xinhua အဘိဓာန်ဖြစ်ပါတယ်။ စာလုံးတစ်လုံးရဲ့ အသံထွက်၊ Pinyin၊ အဓိပ္ပါယ်ရှင်းလင်းချက်အပြင် ရှေးဟောင်းတရုတ်စာ နဲ့ ခေတ်သစ်တရုတ်စာကိုပါ တွဲပြီးဖော်ပြပေးခြင်း စကားလုံးနဲ့ဆိုင်တဲ့ဆက်စပ်စကားလုံးများကို ပါဖော်ပြပေးတဲ့ အဘိဓာန်ကောင်းတစ်ခုဖြစ်ပါတယ်။ အထဲမှာရှိတဲ့ အသံဖိုင်နဲ့စာသားများကို Download ပြုလုပ်ပြီးပါက Offline အဖြစ်အချိန်မရွေးအသုံးပြုနိုင်ပါတယ်။ တကယ်လို့ Download လုပ်ပြီးမသုံးချင်ဘူးဆိုလည်း Online စနစ်နဲ့ပေါ့ပေါ့ပါးပါးအသုံးပြုနိုင်ပါတယ်။

ဒီနေရာမှာကူးနိုင်ပါသည် - Download Dictionary



Mobile Keyboard(Andriod)

ဖုန်းနဲ့တရုတ်စာရေးသားရမှာ လွယ်ကူစေမယ့် iFlytek Keyboard လေးဖြစ်ပါတယ်။ စကာလုံးပေါင်းဖို့အတွက် Pinyin မေ့နေတယ်ဆိုရင်တောင် လက်နဲ့အလွယ်တကူရေးလို့ရအောင် လုပ်ထားပေးပါတယ်။ ဒါ့အပြင် အသံနဲ့စကားပြောပြီးတော့လည်း ကိုယ်လိုချင်တဲ့စာလုံးတွေကို ရှာနိုင်ပါသေးတယ်


ဒီနေရာမှာကူးနိုင်ပါသည် - Download Keyboard 


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment