RSS
Showing posts with label Download. Show all posts
Showing posts with label Download. Show all posts

Google Translator ကိုအသုံးပြုခြင်း

ဒီသင်ခန်းစာကတော့ လေ့လာသူတွေအတွက် အများကြီးအထောက်အကူပြုမယ်လို့ထင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့တရုတ်စာကိုလေ့လာတဲ့နေရာမှ အသံထွက်ပိုင်းဆိုင်ရာမှ အနားမှာ နည်းစနစ်ကျကျသင်ပေးမယ့်ဆရာမရှိရင် အသံထွက်မှားယွင်းပြီး ထွက်မိတာတွေ အသံထွက် မပီပြင်တာတွေ လေသံမမှန်တာတွေဖြစ်တတ်ပါတယ်။ အဲ့ဒီတော့ ကိုယ်ဆိုလိုက်တဲ့ စာလုံးတစ်လုံးဟာ အသံထွက်ကော မှန်မှမှန်ရဲ့လားဆိုပြီးတော့လည်း သံသယမကင်းဖြစ်တတ်မှာပါ။

Google Translator ကိုအသုံးပြုပြီး ဒီပြသနာကိုဖြေရှင်းနိုင်ပါတယ်။ အသံထွက် အပြင် Pinyin များကိုပါ တခါတည်းကြည့်ရှုနိုင်မှာပါ။ ကိုယ်မသိတဲ့စကားတစ်လုံးရဲ့အသံထွက်ကိုရှာချင်တာဖြစ်စေ စာတစ်ကြောင်းလုံးရဲ့အသံထွက်ကိုပဲနားဆင်ချင်တာဖြစ်စေ Google Translator ဟာလုံးဝ လက်မလွှတ်သင့်တဲ့ Tool တစ်ခုဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲ Google Translator ရဲ့အကူအညီကိုအများကြီးယူခဲ့ရပါတယ်။ အဲ့ဒီတော့ ဒီသင်ခန်းစာမှာ ဘယ်လိုအသုံးပြုရမလဲဆိုတာကို အသေးစိတ်ပြောပြပေးပါမယ်။ အောက်ကပုံလေးကိုကြည့်ပါ။ 



translate.google.com ကိုသွားလိုက်ပါ။ ပြီးရင် ပထမဘာသာမှ Chinese ကိုရွေးပေးပါ။ ဒုတိယဘာသာမှာ English ကိုရွေးပေးပါ။ ပြီးပြီဆိုရင် ပုံမှာပြထားတဲ့အတိုင်း ရှာဖွေလိုသည့် စာလုံးကို ရိုက်ထည့်ပြီး Translate လုပ်လိုက်ပါ။ 

တကယ်လို့ ကိုယ်ရေးချင်တဲ့စာလုံးကို Keyboard နဲ့ရိုက်ဖို့ Pinyin မပေါင်းတတ်ဘူးဆိုရင် အောက်မှာ Mouse ဖြင့်စာရေးရန်ဆိုတဲ့ နေရာမှာ မိမိဘာသာတရုတ်စာနဲ့အနီးစပ်ဆုံးကို Mouse နဲ့ရေးပြီး ရှာဖွေနိုင်ပါတယ်။ Speaker ပုံလေးကတော့ တရုတ်လိုရိုက်ထဲ့ထားတဲ့ အသံထွက်ကို နားဆင်ဖို့ပါ။ မိမိကွန်ပျူတာမှ Speaker သို့မဟုတ် Earphone တော့ရှိရပါမယ်။ နောက်ဆုံးညာဖက်ထောင့်မှာ ရှိတဲ့ပုံလေးကတော့ Pinyin ကြည့်ဖို့ပါ။ 

ဒီတော့ Google Translator ကိုအသုံးပြုပြီး တရုတ်စာအသံထွက်ကိုဘယ်လိုနားဆင်ရမလဲဆိုတာ သိသွားလောက်ပြီထင်ပါတယ်။ ဒီပို့စ်ကို လုံးဝမသိသေးသူများအတွက် စေတနာဖြင့် ရည်ရွယ်ပြီး ရေးသားထားခြင်းဖြစ်ပါသည်။ 


Chit Ye Aung

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Pinyin (3) Video Lessons

Pinyin အသံထွက်မှား မှန်ကန်စွပေါင်းနိုင်ဖို့ အောက်ပါသင်ခန်းစာများကို သေချာစွာလေ့လာသင်ပါသည်။ Downlad ပြုလုပ်နိုင်ရန်အတွက်လည်း စီစဉ်ပေးထားပါသည်။








Part (1)


 


Part (1) lesson (2)







Part (2)







Part (3) Lesson (1)







Part (3) Lesson (2)






Download the pinyin lessons-


Part (1) Lesson 1

Part (1) Lesson 2

Part (2)

Part (3) Lesson 1

Part (4) Lesson 2

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Mobile အဘိဓာန်နှင့် Keyboard

 Mobile အဘိဓာန် (Andriod)

တရုတ်စာလေ့လာရာမှ အသံထွက်မှန်ကန်ဖို့အတွက် အဘိဓာန်ကောင်းတစ်ခု လိုအပ်ပါတယ်။ အခု တင်ပေးထားတဲ့ အဘိဓာန်က တရုတ်ဘာသာကို တရုတ်လိုပဲပြန်ရှင်းပြပေးတဲ့ Xinhua အဘိဓာန်ဖြစ်ပါတယ်။ စာလုံးတစ်လုံးရဲ့ အသံထွက်၊ Pinyin၊ အဓိပ္ပါယ်ရှင်းလင်းချက်အပြင် ရှေးဟောင်းတရုတ်စာ နဲ့ ခေတ်သစ်တရုတ်စာကိုပါ တွဲပြီးဖော်ပြပေးခြင်း စကားလုံးနဲ့ဆိုင်တဲ့ဆက်စပ်စကားလုံးများကို ပါဖော်ပြပေးတဲ့ အဘိဓာန်ကောင်းတစ်ခုဖြစ်ပါတယ်။ အထဲမှာရှိတဲ့ အသံဖိုင်နဲ့စာသားများကို Download ပြုလုပ်ပြီးပါက Offline အဖြစ်အချိန်မရွေးအသုံးပြုနိုင်ပါတယ်။ တကယ်လို့ Download လုပ်ပြီးမသုံးချင်ဘူးဆိုလည်း Online စနစ်နဲ့ပေါ့ပေါ့ပါးပါးအသုံးပြုနိုင်ပါတယ်။

ဒီနေရာမှာကူးနိုင်ပါသည် - Download Dictionary



Mobile Keyboard(Andriod)

ဖုန်းနဲ့တရုတ်စာရေးသားရမှာ လွယ်ကူစေမယ့် iFlytek Keyboard လေးဖြစ်ပါတယ်။ စကာလုံးပေါင်းဖို့အတွက် Pinyin မေ့နေတယ်ဆိုရင်တောင် လက်နဲ့အလွယ်တကူရေးလို့ရအောင် လုပ်ထားပေးပါတယ်။ ဒါ့အပြင် အသံနဲ့စကားပြောပြီးတော့လည်း ကိုယ်လိုချင်တဲ့စာလုံးတွေကို ရှာနိုင်ပါသေးတယ်


ဒီနေရာမှာကူးနိုင်ပါသည် - Download Keyboard 


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS