ဒီသင်ခန်းစာမှာတော့ တရုတ်စာလုံးကို ပေါင်တဲ့ pinyin မှာ အပေါ်က တုတ်ချောင်းကလေးတွေ နဲ့ ဖော်ပြထားတာကို သင်ပေးမှာဖြစ်ပါတယ်။ တရုတ်စာမှာ အသံလေးသံရှိပါတယ်။ မြန်မာမာဆိုရင်တာ့ အသံသုံးသံပဲရှိပါတယ် ဥပမာ- အ-အာ-အား ဆိုပြီးတော့ပေါ့။ တရုတ်မှာကျတော့ လေးသံရှိပါတယ် ဥပမာ အား-အာ-အာ-အာ့ ဆိုပြီးတော့ပါ။
သတိထားရမှာက နံပါတ်နှစ်အသံနဲ့ သုံးအသံက ခပ်ဆင်ဆင်ဖြစ်ပါတယ် နှစ်အသံ သင်္ကေတေက အပေါ်ကိုတက်သွားတဲ့ တုတ်ချောင်းကလေးပါ သုံးအသံသင်္ကေတက အလယ်ကို ခွက်ဝင်သွားတဲ့ ပုံကလေးပါ။ အောက်မှာဥပမာ ပုံလေးပြထားပါတယ်
အေဆိုတော့ အ့ လို့အသံထွက်ပါတယ်။ ပုံအတိုင်းဆိုကြည့်မယ်ဆိုရင် အား။ အာ။ အာ။ အာ့ လို့အသံထွက်ပါတယ်
ma ဆိုရင် မ အသံဖြစ်ပါတယ်။ ပုံအတိုင်းအသံထွက်ဆိုမယ်ဆိုရင် မား။မာ။မာ။မာ့ ဆိုပြီးတော့ ဖြစ်ပါတယ်
Yi ဆိုတာ ရီ လို့အသံထွက်ပါတယ်။ ပုံအတိုင်းအသံထွက် ကြည့်မယ်ဆိုရှု ရီး။ ရီ။ရီ။ရီ့ ဆိုပြီးဖြစ်ပါတယ်
အဲ့သလိုပဲ အထက်ပါပုံထဲကစာတွေကိုလည်းအောက်ပါအတိုင်း လိုက်ဆိုနိုင်ပါတယ်။
da က တ လို့အသံထွက်ပါတယ် ဒါကြောင် တား တာ တာ တာ့ ပါ
Lou က လုဝ် လို့အသံထွက်ပါတယ် ဒါကြောင် လုဝ်း လုဝ် လုဝ် လုဝ့် ပါ
bei က ပေ လို့အသံထွက်ပါတယ် ဒါကြောင့် ပေး ပေ ပေ ပေ့ ပါ
mi က မီ လို့အသံထွက်ပါတယ် ဒါကြောင် မီး မီ မီ မီ့ ပါ
0 comments:
Post a Comment