Computer
ခေါ်ဝေါ်ပုံ
ဒီသင်ခန်းစာမှာတော့ အရာဝတ္ထုတစ်ခုကိုဖြစ်စေ သက်ရှိလူသို့မဟုတ် တိရိစ္ဆာန်တစ်ကောင်ကို ဖြစ်စေ ခေါ်ဝေါ်ပုံများကို တင်ပေးပါမယ်။ မြန်မာလိုပြောရရင် လူဆိုရင် တစ်ယောက် လို့သုံးပါတယ်။ စာအုပ်ဆိုရင် တစ်အုပ်လို့သုံးပါတယ်။ အဲ့လိုပဲ ကြောင်ဆိုရင်လဲ တစ်ကောင်လို့သုံးပါတယ်။
တရုတ်ဘာသာမှာလဲ အဲ့လိုသုံးနှုန်းပါတယ်။ ခေါ်ဝေါ်သုံးနှုန်းပုံလေးတွေကို ဥပမာတစ်ခုခြင်းဆီပေးပြီး တင်ပြပေးပါမယ်။
一个人 Yīgè rén လူတစ်ယောက်
一只狗 yī zhǐ gǒu ခွေးတစ်ကောင်
一本书 yī běn shū စာအုပ်တစ်အုပ်
一件衣服 yī jiàn yīfú င်္အကျီတစ်ထည်
一条裤子 yītiáo kùzi ဘောင်းဘီတစ်ထည် (မြန်မာလိုအဝတ်အစားကို (ထည်)လို့သုံးတာတူပေမယ့် တရုတ်မှာဘောင်းဘီနဲ့င်္အကျီကိုခေါ်တာမတူပါ)
一颗糖 yī kē táng သကြားလုံးတစ်လုံး
一杯水 yībēi shuǐ ရေတစ်ခွက်
一桌床 yī zhuō chuáng ကုတင်တစ်လုံး
一双鞋 yīshuāng xié ဖိနပ်တစ်ရံ
一桶水 yī tǒng shuǐ ရေတစ်ပုံး
一家店,一家银行,yījiā diàn, yījiā yínháng ဆိုင်တစ်ဆိုင်။ဘဏ်တစ်ခု
အသံထွက်များကိုမဖတ်တတ်ပါက ဒီမှာ နှိပ်ပါ။
Chit Ye Aung
Google Translator ကိုအသုံးပြုခြင်း
ဒီသင်ခန်းစာကတော့ လေ့လာသူတွေအတွက် အများကြီးအထောက်အကူပြုမယ်လို့ထင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့တရုတ်စာကိုလေ့လာတဲ့နေရာမှ အသံထွက်ပိုင်းဆိုင်ရာမှ အနားမှာ နည်းစနစ်ကျကျသင်ပေးမယ့်ဆရာမရှိရင် အသံထွက်မှားယွင်းပြီး ထွက်မိတာတွေ အသံထွက် မပီပြင်တာတွေ လေသံမမှန်တာတွေဖြစ်တတ်ပါတယ်။ အဲ့ဒီတော့ ကိုယ်ဆိုလိုက်တဲ့ စာလုံးတစ်လုံးဟာ အသံထွက်ကော မှန်မှမှန်ရဲ့လားဆိုပြီးတော့လည်း သံသယမကင်းဖြစ်တတ်မှာပါ။
Google Translator ကိုအသုံးပြုပြီး ဒီပြသနာကိုဖြေရှင်းနိုင်ပါတယ်။ အသံထွက် အပြင် Pinyin များကိုပါ တခါတည်းကြည့်ရှုနိုင်မှာပါ။ ကိုယ်မသိတဲ့စကားတစ်လုံးရဲ့အသံထွက်ကိုရှာချင်တာဖြစ်စေ စာတစ်ကြောင်းလုံးရဲ့အသံထွက်ကိုပဲနားဆင်ချင်တာဖြစ်စေ Google Translator ဟာလုံးဝ လက်မလွှတ်သင့်တဲ့ Tool တစ်ခုဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲ Google Translator ရဲ့အကူအညီကိုအများကြီးယူခဲ့ရပါတယ်။ အဲ့ဒီတော့ ဒီသင်ခန်းစာမှာ ဘယ်လိုအသုံးပြုရမလဲဆိုတာကို အသေးစိတ်ပြောပြပေးပါမယ်။ အောက်ကပုံလေးကိုကြည့်ပါ။
translate.google.com ကိုသွားလိုက်ပါ။ ပြီးရင် ပထမဘာသာမှ Chinese ကိုရွေးပေးပါ။ ဒုတိယဘာသာမှာ English ကိုရွေးပေးပါ။ ပြီးပြီဆိုရင် ပုံမှာပြထားတဲ့အတိုင်း ရှာဖွေလိုသည့် စာလုံးကို ရိုက်ထည့်ပြီး Translate လုပ်လိုက်ပါ။
တကယ်လို့ ကိုယ်ရေးချင်တဲ့စာလုံးကို Keyboard နဲ့ရိုက်ဖို့ Pinyin မပေါင်းတတ်ဘူးဆိုရင် အောက်မှာ Mouse ဖြင့်စာရေးရန်ဆိုတဲ့ နေရာမှာ မိမိဘာသာတရုတ်စာနဲ့အနီးစပ်ဆုံးကို Mouse နဲ့ရေးပြီး ရှာဖွေနိုင်ပါတယ်။ Speaker ပုံလေးကတော့ တရုတ်လိုရိုက်ထဲ့ထားတဲ့ အသံထွက်ကို နားဆင်ဖို့ပါ။ မိမိကွန်ပျူတာမှ Speaker သို့မဟုတ် Earphone တော့ရှိရပါမယ်။ နောက်ဆုံးညာဖက်ထောင့်မှာ ရှိတဲ့ပုံလေးကတော့ Pinyin ကြည့်ဖို့ပါ။
ဒီတော့ Google Translator ကိုအသုံးပြုပြီး တရုတ်စာအသံထွက်ကိုဘယ်လိုနားဆင်ရမလဲဆိုတာ သိသွားလောက်ပြီထင်ပါတယ်။ ဒီပို့စ်ကို လုံးဝမသိသေးသူများအတွက် စေတနာဖြင့် ရည်ရွယ်ပြီး ရေးသားထားခြင်းဖြစ်ပါသည်။
Chit Ye Aung
ခေတ်ပေါ်အသုံးအနှုန်းများ
AA制 -AA zhì တစ်ယောက်တစ်ဝက်ဆီရှင်းသည်။ Half by half စနစ် (ရန်ကုန်စတိုင်)
傍大款-bàng dà kuǎn အချီကြီးတွေ့ထားသည်။ (အခိုင်ကြီးတွေ့ထားသည်)
告辞-gàocí သွားတော့မည်။ ထွက်ခွာတော့မည်။
回头见-huítóu jiàn မကြာမီတွေ့မည်။
老交情-lǎo jiāoqing ငယ်သူငယ်ချင်း၊ လူရင်း
岂有此理- qǐyǒucǐlǐ ပြောရဲတယ်နော် (တစ်ခုခုကိုမကျေနပ်သည့်အခါပြောလေ့ရှိသည်)
美若天仙- měi ruò tiānxiān နတ်သမီးကဲ့သို့လှပါသည်။ (ချီးမွန်းသည့်စကား)
请留步- qǐng liúbù နေရစ်ခဲ့ပါ
少来这一套- shǎo lái zhè yī tào နားလိုက်စမ်းပါ
散散心- sàn sànxīn စိတ်ပြေလက်ပျောက်
铁哥们儿- tiě gēmen er သူငယ်ချင်းကောင်း (ညီအကိုရင်းပမာရင်းနီးသူ)
势利鬼 -shìlì guǐ ငွေမက်သူ
挺仗义- tǐng zhàngyì စိတ်ကောင်းရှိသေးသည်
想当然- xiǎngdāngrán ပိုင်သေတွက်ထားသည်
一见钟情- yījiànzhōngqíng မြင်မြင်ချင်းအချစ်
幸会 -xìng huì နှုတ်ဆက်စကား
小意思- xiǎoyìsi အသေးမွှားလေးပါ
一言为定 -yī yán wéi dìng ပြောပြီးတဲ့အတိုင်းနော်
尽量- jǐnliàng အားသွန်ခွန်စိုက်
နေ့စဉ်သုံးစကားလုံးများ (၁)
Gắn ကန်
敢作敢當
Gắn zuo gắn đáng
ကန်ကျော့ကန်သန်း
လုပ်ရဲရင်ခံရဲတယ်
爸爸要他去他不敢不去
Bà ba yao tà qu tà bù gắn bù qu
ပါ့ပါယောက်ထားချွိ ထားပုကန် ပူး ချွိ
ဖေဖေသူ့ကိုသွားခိုင်းတာ သူမသွားပဲမနေရဲဘူး
我不敢担保(我不敢擔保 )
Wo bù gắn đàn báo
ဝေါလ် ပုကန် သန်း ပေါင်
ကျွန်တော်အာမမခံရဲဘူး
你敢不敢打賭
Ni gắn bù gắn đã dữ
နီးကန် ပုကန် သား သူ
ခင်ဗျားလောင်းရဲလား
Jiu ကျို့
我就來
Wo jiu lái
ဝေါလ် ကျို့ လိုင်း
ကျွန်တော် ချက် ချင်းလာခဲ့မယ်
我马上就到( 我馬上就到 )
Wo mà shang jiu dao
ဝေါလ် မာ စန့် ကျို့ သောက်
ကျွန်တော် ခုမဘဲရောက်တယ်
Tài
လွန်လွန်း
太大
Tài da
ကြီးလွန်းတယ်
ထိုက်သာ့
太小
Tài xiao
သေးလွနးတယ်
ထိုက်ရှောင်
太长
Tài chang
ရှည်လွနးတယ်
ထိုက်ချန်း
太短
Tài duan
ထိုက်သွမ်
太寬
Tài kuan
ကျယ်လွန်းတယ်
ထိုက်ခွမ်း
太窄
Tài zhai
ကျည်းလွန်းတယ်
ထိုက်ကျိုင်
太晚了
Tài wan le
နောက်ကျလွန်းနေပြီ
太慢了
Tài màn Le
နှေးလွန်းတယ်
ထိုက်မန့်လဲာ
太快了
Tài Kuai lẽ
မြန်လွန်းတယ်
ထိုက်ခွိုက်လဲာ
欺人太甚
Qi rèn tài shen
အနိုင်ကျင့်လွန်းဢအားကြီးတယ်
ချီး ရဲန်း ထိုက်စဲန်
你太高估我了(你也太看得起我了)
Ni tài gào gù wo lẽ (Nǐ yě tài kàndéqǐ wǒle)
နီ ထိုက် ကောင်းကူး ဝေါလ် လဲာ
နင်ကငါကိုဢထင်ကြီးနေလိုက်တာ
他爱你太久了( 他愛你太久了 )
Tà ái ni tái jiu lẽ
ထား အိုက် နီ ထိုက် ကျိုလဲာ
သူနင့်ကိုချစ်နေတာကြာပြီ
太高了
Tài gào lẽ
မြင့်လွန်းတယ်
ထိုက်ကောင်း
你太沒规矩了
Ni tài mei gửiju lẽ
နီ ထိုက် မေး ကွေး ကျွီလဲာ့ 
颜色 (အရောင်များ)
hóng
红 အနီ
chéng
橙 လိမ္မော်
huáng
黄 အဝါ
lǜ
绿 အစိမ်း
qīng
青 ပြာနု
lán
蓝 အပြာ
zǐ
紫 ခရမ်း
Pinyin (3) Video Lessons
Pinyin အသံထွက်မှား မှန်ကန်စွပေါင်းနိုင်ဖို့ အောက်ပါသင်ခန်းစာများကို သေချာစွာလေ့လာသင်ပါသည်။ Downlad ပြုလုပ်နိုင်ရန်အတွက်လည်း စီစဉ်ပေးထားပါသည်။
Part (1)
Part (1) lesson (2)
Part (2)
Part (3) Lesson (1)
Part (3) Lesson (2)
Download the pinyin lessons-
Part (1) Lesson 1
Part (1) Lesson 2
Part (2)
Part (3) Lesson 1
Part (4) Lesson 2
Mobile အဘိဓာန်နှင့် Keyboard
Mobile အဘိဓာန် (Andriod)
ဒီနေရာမှာကူးနိုင်ပါသည် - Download Dictionary
Mobile Keyboard(Andriod)
ဖုန်းနဲ့တရုတ်စာရေးသားရမှာ လွယ်ကူစေမယ့် iFlytek Keyboard လေးဖြစ်ပါတယ်။ စကာလုံးပေါင်းဖို့အတွက် Pinyin မေ့နေတယ်ဆိုရင်တောင် လက်နဲ့အလွယ်တကူရေးလို့ရအောင် လုပ်ထားပေးပါတယ်။ ဒါ့အပြင် အသံနဲ့စကားပြောပြီးတော့လည်း ကိုယ်လိုချင်တဲ့စာလုံးတွေကို ရှာနိုင်ပါသေးတယ်
ဈေးဝယ်ခြင်း
nǐ yào mǎi shén me ?
A-你 要 买 什 么?
ဘာများအလိုရှိပါသလဲ?
wǒ yào mǎi píng guǒ 。 duō shǎo qián yì jīn ?
B-我 要 买 苹 果。 多 少 钱 一斤?
ပန်းသီးလိုချင်လို့ပါ။ တစ်ကျင်ကိုဘယ်လောက်ပါလဲ?
liǎng kuài wǔ ( máo ) yì jīn 。
A-两 块 五 ( 毛 ) 一斤。တ
တစ်ကျင်ကိုယွမ် နှစ်ကျပ်ခွဲပါ။ .
tài guì le , wǒ yào mǎi jú zi 。
B-太 贵 了, 我 要 买 橘子。
ဈေးကြီးလိုက်တာ။ လိမ္မော်သီးပဲယူတော့မယ်
nǐ yào mǎi duō shǎo ?
A-你 要 买 多 少?
ဘယ်လောက်ဖိုးယူပါမလဲ?
wǒ yào mǎi liǎng jīn 。 yí gòng duō shǎo qián ?
B-我 要 买 两 斤。 一 共 多 少 钱?
နှစ်ကျင်လိုချင်ပါတယ် အားလုံးဘယ်လောက်ကျလဲ?
sān kuài 。 hái yào bié de ma ?
A-三 块 。 还 要 别 的 吗?
ယွမ်သုံးကျပ်ကျပါတယ် တခြားဘာယူဦးမလဲ?
bú yào le 。 xiè xiè 。
B-不 要 了。 谢 谢
မယူတော့ပါဘူး ကျေးဇူးပါ.
bú kè qi , zài jiàn !
不客气,再见
A ရပါတယ် တာ့တာ
ကျက်မှတ်သင့်သော စာများ
一斤 yì jīn (၀.၅)kg (တရုတ်အလေးချိန်) တစ်ပေါင်နှင့်ညီမျှသည်
苹 果 píng guǒ ပန်းသီး
橘子 jú zi လိမ္မော်သီး
买手机 ဖုန်းဝယ်ခြင်း
Mǎi shǒujī
ဖုန်းဝယ်ခြင်း
zhège shǒujī shì duōshǎo qián?
ဒီဖုန်းလေး ဘယ်လောက်လဲ?
2500 Yuán rénmínbì!
တရုတ်ငွေ ၂၅၀၀ကျပ်ပါ
Tài guìle ba! Kě yě fēnqí fùkuǎn ma? Yào yīcì xìng qīng wán ma?
အရမ်းဈေးကြီးတာပေါ့ အရစ်ကျပေးလို့ရမလား တစ်ခါတည်း အပြတ်ပေးဝယ်ရမှာလား?
Zhège shǒujī shì gāng chūlái de jiàqián méi nàme piányí rúguǒ nín xǐhuān dehuà kěyǐ fēnqí fùkuǎn mǎi!
ဒီဖုန်းကအခုမှ ထွက်လာကာစပဲရှိပါသေးတယ် ဒါကြောင့် ဈေးနှုန်းနည်းနည်းကြီးပါတယ်။ တကယ်လို့လူကြီးမင်းနှစ်သက်တယ်ဆိုရင်တော့ အရစ်ကျစနစ်နဲ့ပေးဝယ်နိုင်ပါတယ်
Nà hǎo de, xūyào yā zài shēnfèn zhèng ma?
သြော် ကောင်းတာပေါ့။ မှတ်ပုံတင် အပေါင်ထားဖို့လိုသေလားဗျ?
Bùyòng zhǐyào nín dì dìzhǐ hé diànhuà hàomǎ, nín xiān fù jiàgé de 25% ránhòu jiù kěyǐ ná qù shǒujī yòngle.
မလိုပါဘူး လူကြီးမင်းရဲ့လိပ်စာနဲ့ဖုန်းနံပါတ်ပဲပေးထားပါ။ အရင်ဆုံးဈေးနှုန်းရဲ့ ၂၅ % ကိုပေးချေပြီးရင် ဖုန်းကိုယူသွားပြီး အသုံးပြုနိုင်ပါပြီ
Zhèyàng tài hǎole, nà wǒ jiù xuǎnzé zhège shǒujīle!
ဒီလိုဆိုသိပ်အဆင်ပြေတာပေါ့။ ဒါဆိုရင် ကျွန်တော်ဒီဖုန်းကလေးကိုပဲ ရွေးလိုက်တော့မယ်
Pinyin (2)
ဒီသင်ခန်းစာမှာတော့ တရုတ်စာလုံးကို ပေါင်တဲ့ pinyin မှာ အပေါ်က တုတ်ချောင်းကလေးတွေ နဲ့ ဖော်ပြထားတာကို သင်ပေးမှာဖြစ်ပါတယ်။ တရုတ်စာမှာ အသံလေးသံရှိပါတယ်။ မြန်မာမာဆိုရင်တာ့ အသံသုံးသံပဲရှိပါတယ် ဥပမာ- အ-အာ-အား ဆိုပြီးတော့ပေါ့။ တရုတ်မှာကျတော့ လေးသံရှိပါတယ် ဥပမာ အား-အာ-အာ-အာ့ ဆိုပြီးတော့ပါ။
သတိထားရမှာက နံပါတ်နှစ်အသံနဲ့ သုံးအသံက ခပ်ဆင်ဆင်ဖြစ်ပါတယ် နှစ်အသံ သင်္ကေတေက အပေါ်ကိုတက်သွားတဲ့ တုတ်ချောင်းကလေးပါ သုံးအသံသင်္ကေတက အလယ်ကို ခွက်ဝင်သွားတဲ့ ပုံကလေးပါ။ အောက်မှာဥပမာ ပုံလေးပြထားပါတယ်