RSS

Pinyin (2)

ဒီသင်ခန်းစာမှာတော့ တရုတ်စာလုံးကို ပေါင်တဲ့ pinyin မှာ အပေါ်က တုတ်ချောင်းကလေးတွေ နဲ့ ဖော်ပြထားတာကို သင်ပေးမှာဖြစ်ပါတယ်။ တရုတ်စာမှာ အသံလေးသံရှိပါတယ်။ မြန်မာမာဆိုရင်တာ့ အသံသုံးသံပဲရှိပါတယ် ဥပမာ- အ-အာ-အား ဆိုပြီးတော့ပေါ့။ တရုတ်မှာကျတော့ လေးသံရှိပါတယ် ဥပမာ အား-အာ-အာ-အာ့ ဆိုပြီးတော့ပါ။

သတိထားရမှာက နံပါတ်နှစ်အသံနဲ့ သုံးအသံက ခပ်ဆင်ဆင်ဖြစ်ပါတယ် နှစ်အသံ သင်္ကေတေက အပေါ်ကိုတက်သွားတဲ့ တုတ်ချောင်းကလေးပါ သုံးအသံသင်္ကေတက  အလယ်ကို ခွက်ဝင်သွားတဲ့ ပုံကလေးပါ။ အောက်မှာဥပမာ ပုံလေးပြထားပါတယ်



အေဆိုတော့ အ့ လို့အသံထွက်ပါတယ်။ ပုံအတိုင်းဆိုကြည့်မယ်ဆိုရင် အား။ အာ။ အာ။ အာ့ လို့အသံထွက်ပါတယ်
ma ဆိုရင် မ အသံဖြစ်ပါတယ်။ ပုံအတိုင်းအသံထွက်ဆိုမယ်ဆိုရင် မား။မာ။မာ။မာ့ ဆိုပြီးတော့ ဖြစ်ပါတယ်
Yi ဆိုတာ ရီ လို့အသံထွက်ပါတယ်။ ပုံအတိုင်းအသံထွက် ကြည့်မယ်ဆိုရှု ရီး။ ရီ။ရီ။ရီ့ ဆိုပြီးဖြစ်ပါတယ် 
အဲ့သလိုပဲ အထက်ပါပုံထဲကစာတွေကိုလည်းအောက်ပါအတိုင်း လိုက်ဆိုနိုင်ပါတယ်။ 

da က တ လို့အသံထွက်ပါတယ် ဒါကြောင် တား တာ တာ တာ့ ပါ

Lou က လုဝ် လို့အသံထွက်ပါတယ် ဒါကြောင် လုဝ်း လုဝ် လုဝ် လုဝ့် ပါ

bei က ပေ လို့အသံထွက်ပါတယ် ဒါကြောင့် ပေး ပေ ပေ ပေ့ ပါ

mi က မီ လို့အသံထွက်ပါတယ် ဒါကြောင် မီး မီ မီ မီ့ ပါ






  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Taxi ငှားရမ်းခြင်း

【对话—打出租车 dǎ chū zū chē】Call a taxi 



Sījī -nǐ yào qù nǎ lǐ ?
司机:你 要 去 哪 里?
ကားဆရာ- ဘယ်ကိုသွားမလို့လဲ?

Chéngkè-wǒ yào qù jī chǎng , yuǎn ma ?
乘客:我 要 去 机 场, 远 吗?
ဧည့်သည်-လေဆိပ်ကိုသွားချင်လို့ပါ ဝေးသလား?

Chéngkè-Sījī-bú tài yuǎn 。
司机:不 太 远。
ကားဆရာ-အရမ်းကြီးမဝေးပါဘူး


Chéngkè-qù jī chǎng duō shǎo qián ?
乘客:去机 场 多 少 钱?
ဧည့်သည် လေဆိပ်ကိုဘယ်လောက်ပေးရမှလဲ

Sījī-sān shí duō kuài qián 。
司机:三 十 多 块 钱。
ကားဆရာ-ယွမ်ငွေသုံးဆယ်ကျော်ပါ

Chéngkè-yào kāi duō jiǔ ?
乘客:要 开 多 久?
ဧည့်သည်-ဘယ်လောက်လောက်ကြာနိုင်လဲ?

Sījī-dà yuē sān shí fēn zhōng 。
司机:大 约 三 十 分 钟。
ကားဆရာ-ခန့်မှန်းခြေ မိနစ်သုံးဆယ်လောက်ဆို ရောက်ပါပြီ


Chéngkè-xià chē qǐng gěi wǒ fā piào 。
乘客:下 车 请 给 我 发 票。
ဧည့်သည့်-ဟုတ်ကဲ့၊ ရောက်ရင် ငွေရပြေစာလေးကျွန်တော့်ကိုပေးပါ။ 


ဒါကတော့ ကားငှါးတဲ့ Dialog လေးပါ။ ဒီထဲမှာ မှတ်ထားစရာစကားလုံးတွေပါပါတယ်။

၁။ 司机 Sījī ကားဆရာ။ ဒရိုင်ဘာ

၂။ 乘客 Chéngkè ခရီးသွား။ ခရီးသည်

၃။ 哪里 nǎ lǐ ဘယ်ကိုလဲ၊ ဘယ်မှာလဲ

၎။ 大约 dà yuē ခန့်မှန်းခြေ၊ 

၅။ 机场 jī chǎng  လေဆိပ်

၆။ 发票  fā piào ငွေရပြေစာ

၇။ 下车 xià chē ကားပေါ်ကဆင်းသည်

၈။ 出租车 chū zū chē Taxi 

အသံထွက်မဖတ်တတ်တာရှိပါကာ ကိုမဖတတ်တဲ့စာလုံးကို copy လုပ်ပြီး  Google Translator မှာနားထောင်နိုင်ပါသည်။ တရုတ်အသံထွက်ကိုမြန်မာလိုရေးပေးပါက အသံထွက်မပီပြင်မှုများ လွဲမှားမှုများ ရှိနေပါသောကြောင့် မူရင်း pinyin အသံထွက်ကိုသာ ဖတ်တတ်အောင်ကြိုးစားစေလိုပါသည်။ 

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Pinyin 拼音 အသံထွက်

 တရုတ်ဘာသာစကားကို စတင်လေ့လာတော့မယ်ဆိုရင် အသံထွက်က အရေးအကြီးဆုံး ဖြစ်ပါတယ်။ အသံထွက်ကို ပီသစွာပြောဆိုနိုင်မှ တရုတ်စကား တတ်မြှောက်မှုအဆင့်ဟာလည်း မြင့်မားလာမှာဖြစ်ပါတယ်။ တရုတ်စာလုံးတွေဟာ မြန်မာစာလို စာလုံးပေါင်းလို့မရပါဘူး။ စာလုံးတစ်လုံးကို အသံထွက်နှစ်ခု သို့မဟုတ် သုံးခုကနေ လေးခုအထိရှိတတ်ပါတယ်။ အဲ့ဒီအသံထွက်တွေကို pinyin ဖျင်းရင်း လို့ခေါ်တဲ့ အင်္ဂလိပ်စာလုံးတွေနဲ့ ပေါင်းရမှာဖြစ်ပါတယ်။ ဒါကြောင့် pinyin ကိုအရင် ရအောင်လုပ်ရပါမယ်။ ဒါမှ တရုတ်စာလုံးတွေကို ဘယ်လိုပေါင်းရမလဲဆိုတာ သိမှာပါ။











အသံထွက်အတွက် MP3 File ကိုနားဆင်နိုင်သည်။ 

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS